စာကြည့်တိုက်များ

ဦးဖိုးသီစာကြည့်တိုက် (UPT)၊

ဦးဖိုးသီစာကြည့်တိုက်သည် အကြီးဆုံးသော ဗုဒ္ဓဘာသာ လေ့လာရေးနေရာၡိ ရဟန်းသံဃာတော်စာမေးပွဲများ ကျင်းပရာ မြန်မာနိုင်ငံ တောင်ပိုင်း အချက်အချာ နေရာ သထုံမြို့တွင် ရှိသော ဓမ္မဇောတိက ကျောင်းတိုက်တွင် တည်ရှိသည်။ အရပ်သားအဖွဲ့အစည်းဖြစ်သော
သုယင်္ဂဘူမိပရိယတ္တိသာသနဟိတ ဂေါပက အဖွဲ့ သည်ရပ်ဝေးမှ ကြွလာကြသော ရဟန်းသံဃာတော်များအတွက် တည်းခိုဆောင်နှင့် အစားအသောက်များ ထောက်ပံ့ခြင်း အပြင် ရဟန်းသံဃာတော် စာမေးပွဲများ ကိုလည်း ကြီးကြပ် ကွပ်ကဲပါသည်။

William Pruitt, Yumi Ousaka နှင့် Sunao Kasamatsu (2019, xi) အရ စာမူနှင့် စာမူအတွဲပေါင်း ၇၈၈ ခု ရှိပါသည်။ သို့သော် အစုအဝေးများကို ခွဲထုတ်ပြီးသည်နှင့် တူညီသော စာသားတခုရဲ့ ကွဲပြားသောအပိုင်းများ၊ မှတ်ချက်များ၊ မှတ်ချက်ခွဲများနှင့် မြန်မာပါဌိ နိဿယ များပါဝင်သော သီးခြားခေါင်းစဉ်၁၂၀၀ကျော် ကို ဖေါ်ထုပ်ခဲ့ကြပါသည်။

ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လိူင်၏ ပြောပြချက်အရ ဦးဖိုးသီ စာကြည့်တိုက်ကို ၁၉၂၃ ခုနှစ်တွင် မြန်မာစာပေ ပါမောက္ခ ဦးကျော်ထွန်း မှ စတင်တည်ထောင်ခဲ့ကြောင်း နှင့် သူဠေး ဦးဖိုးသီ က ဒေသဆိုင်ရာ သံဃာတော်များ၏ ဗုဒ္ဓဘာသာ လေ့လာရေး များကို ထောက်ပံ့ကူညီခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါက်တာ Sunao Kasamatsu၊ ဒေါက်တာ Yutaka Kawasaki နှင့် ဒေါက်တာ Aleix Ruiz Falqués တို့သည် ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှု၊ ဒစ်ဂျစ်တယ် စာရွက်စာတမ်းများနှင့် စာမူများ သိမ်းဆည်းခြင်း လုပ်ငန်းစဉ်တွင် ဒေါက်တာ William Pruitt နှင့် ပူးပေါင်းခဲ့ပါသည်။  ဦးအောင်မိုးဦးကလည်း ဒီလုပ်ငန်းကို ကူညီပံ့ပိုးပေးခဲ့ပါသည်။ ကျွမ်းကျင် ဓာတ်ပုံဆရာ Markus Wörgötter သည် အကောင်းဆုံးကင်မရာကိရိယာများနှင့် စာမူများကို ထိရောက်စွာနှင့် ဂရုတစိုက်ဓာတ်ပုံရိုက်ရန်အတွက် ကင်မရာ၊ ကွန်ပျူတာနှင့် သုံးချောင်းထောက်စင်များကို မှန်ကန်စွာတပ်ဆင်နည်း နှင့် ပတ်သက်သော အဖိုးတန်အချက်အလက်များကို ဝေမျှညွှန်ကြား ပေးခဲ့ပါသည်။

သုယင်္ဂဘူမိပရိယတ္တိသာသနဟိတ ဂေါပက အဖွဲ့က ရုပ်ပိုင်းဆိုင်ရာလက်ရေးစာမူများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ၎င်းတို့ကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဓာတ်ပုံရိုက်ရန် တာဝန်ယူထားပါသည်။  အငြိမ်းစား စာကြည့်တိုက်မှူး ဦးညွန့်မောင်သည် ရိုးရာလက်ရေးစာမူ ထိန်းသိမ်းခြင်းနှင့် ခေတ်မီ စာရင်းပြုစုခြင်း အလေ့အကျင့်များတွင် စေတနာ့ဝန်ထမ်းများကို ဦးဆောင်ခဲ့ပါသည်။  ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်မှ ဦးရဲကြည်က ဦးညွန့်မောင်အား ဒစ်ဂျစ်တယ်ဓာတ်ပုံရိုက်ကူးခြင်း၊ စာမူတစ်ခုစီ၏ မှန်ကန်သော စာရွက်အမှာစာများ အတည်ပြုခြင်းများကို ထောက်ပန့်အကူအညီပေးခဲ့ပါသည်။ ထိ့အပြင် ဦးရဲကြည်သည် သူ၏ ကျွမ်းကျင်ရာဖြစ်သော ဓာတ်ပုံရိုက်ပြီးနောက် စာမူများကို စနစ်တကျထုပ်ပိုးခြင်း ကိုလည်း မျှဝေခဲ့ပါသည်။  Dr. Pruitt ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အားထုတ်မှု အသေးစိတ် ၡင်းပြချက်ကို

ဤနေရာတွင် ရှာတွေ့နိုင်ပါသည်။

ဒေတာဘေ့စ် ကိုရှာဖွေပါ။

အမျိုးသားစာကြည့်တိုက်၊ ဘားဂယာ ကျောင်းတိုက် (BGY)၊

ဘားဂယာ ကျောင်းတိုက်သည် မန္တလေးမြို့ တောင်ဘက်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် အထင်ကရ ဗုဒ္ဓအမွေအနှစ်နေရာတစ်ခုဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းသည် ယခင်ကကဲ့သို့ ပုံမှန်လည်ပတ်လုပ်ဆောင်မူများ မရှိတော့သော်လည်း လှပသော ကျွန်းဗိသုကာလက်ရာများကို ဖူးမြော်ကြည့်ရှုလိုခြင်းနှင့် လွန်ခဲ့သောနှစ်များမှ​ဘုန်းတော်ကြီးကျောင်းနေရာ အတွေ့အကြုံ ရၡိလိုသော ခရီးသွားများ အကြားတွင် ရေပန်းစားသည့်နေရာတစ်ခု နိုင်ငံအတွင်းမှာ ဖြစ်လာခဲ့သည်။ စာမူများ ခိုးယူခံရခြင်း၊ ပျက်စီးယိုရွင်းမူများဖြစ်ခြင်း များကို စိုးရိမ်သဖြင့် ၂၀၁၆ ခုနှစ်တွင် ကျောင်းတိုက်အတွင်း သိမ်းဆည်းထားသည့် ထန်းရွက်စာမူအမြောက်အများကို နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်သို့ လွှဲပြောင်းပေးရန် ကျောင်းထိုင်ဆရာတော်မှ တောင်းဆိုခဲ့ပါသည်။

လွှဲပြောင်းပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်နှင့် ပါဠိစာပေအသင်း (U.K )တို့ အကြား ပါဠိ စာပေများကို ဒစ်ဂျစ်တယ် စုစည်းမှုမှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြည်တွင်းပြည်ပ ပညာရှင်များ ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်စေရန်အတွက် သဘောတူညီချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။  ၁၈၅၀ ခုနှစ်မတိုင်မီက ကူးယူခဲ့သော ပါဠိနှင့် ပါဠိမြန်မာစာမူများကို အိတ်ဆောင်စာရွက်စာတမ်းပုံစံ (PDF) အဖြစ် ဂျပန်နိုင်ငံ Sendai အမျိုးသား နည်းပြကောလိပ် ၊ Sendai ပါမောက္ခ Emeritus Yumi Ousaka မှ စီစဉ်ပေးသည့် ကွန်ပျူတာပရိုဂရမ်ကို အသုံးပြု၍ ဓာတ်ပုံရိုက်ပြီး ပြင်ဆင်ထားပါသည်။  ပါဠိစာပေအသင်းမှ ဒေါက်တာ William Pruitt နှင့် ဦးအောင်မိုးဦးတို့သည် စာမူများကို ဂရုတစိုက် ဓာတ်ပုံရိုက်ပြီး အိတ်ဆောင်စာရွက်စာတမ်းပုံစံ (PDF) များကို ပြင်ဆင်ရန် ကျန်အဖွဲ့သားများနှင့်အတူ ပါမောက္ခ Ousaka နှင့်အတူ လက်တွဲ ဆောင်ရွက်ခဲ့ပါသည်။  အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူး ဒေါ်မြဦးက တိုရွန်တိုမြို့သို့ မပို့မှီ နောက်ဆုံးစာရွက်စာတမ်းများ နှင့် အိတ်ဆောင်စာရွက်စာတမ်းပုံစံ (PDF) ဖိုင်များကို အပြီးသတ် မော်ကွန်းတင်ကာ ဤဒေတာဘေ့စ်တွင် သိမ်းဆည်း နိုင်ခဲ့ပါသည်။

ဒေတာဘေ့စ် ကိုရှာဖွေပါ။